မသန်စွမ်းဘီးတပ်ကုလားထိုင် ဘတ်စကတ်ဘော အားကစားပြိုင်ပွဲကျင်းပ
Dec 02,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကရင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ဂုဏ်ပြုသောအားဖြင့် မသန်စွမ်းသူများ ဘီးတပ်ကုလားထိုင် ဘက်စကက်ဘော (Wheelchair Basketball) အား ကစားပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က လှာကမြင်ကျေးရွာအုပ်စု၊ တဝန်သံကျေးရွာရှိ ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန၌ ကျင်းပသည်။