မုဒုံမြို့၌ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

မုဒုံ ဒီဇင်ဘာ ၂

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်နေတောင်သူများ၏ မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရန် ယမန်နေ့က ကျုံဖိုက်ကျေးရွာရှိ မွေးမြူရေးခြံများတွင် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက နွား၊ ဝက်များတွင်  ရာသီအလိုက် ဖြစ်ပွားတက်သော ရောဂါကာကွယ်ရေးနှင့် ကူးစက်ရောဂါများ ဖြစ်ပွားပါက  အချိန်မီထိန်းချုပ်နိုင်ရေး  အသိပညာပေးခြင်း၊ နွားများတွင် ဖြစ်ပွားတက်သည့်   ရောဂါများ ဖြစ်ပွားမှုနည်းပါးလာအောင်နှင့် ကြိုတင်ကာကွယ်နိုင်ရန်  ခွာနာ၊ လျှာနာ၊ လည်ချောင်းကွဲ၊ ဒေါင့်သန်း၊ ပေါင်ပုပ်လက်ပုပ် ရောဂါကာကွယ်ဆေးများကို တစ်နိုင်တစ်ပိုင်နွား မွေးမြူရေးခြံများရှိ နွားကောင်ရေ  ၃၆ ကောင်နှင့် ဝက်ခြံ သုံးခြံတွင် ကာကွယ်ဆေးတို့ကို လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)