ဝါးခယ်မမြို့နယ်၌ ဆောင်းသီးနှံနွေစပါး၊ နေကြာ၊ ပဲးတီစိမ်း လျာထားဧကပြည့်မှီရေး ကွင်းဆင်းဆောင်ရွက်
Dec 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၊ အူကျွန်းကျေးရွာအုပ်စု ကျေးလက်ဆေးပေးခန်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားစေရေးကော်မတီအဖွဲ့မှ တောင်သူများနှင့် တွေ့ဆုံ၍ ဆောင်းသီးနှံနွေစပါး၊ နေကြာ၊ ပဲးတီစိမ်း လျာထားဧကပြည့်မှီရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။