ချောင်းဆုံ ဒီဇင်ဘာ ၂
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး ဒီဇင်ဘာ(၁)ရက်နေ့ မွန်းလွဲ(၂)နာရီက အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအသိပညာပေး(Talk Show)ကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်(ပြန်/ဆက်)ဦးစီးအရာရှိဒေါ်မိသူဇာက ပညာပေးဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ လျော့နည်းစေရေးအတွက် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ဆောင်ရွက်မှုအခြေအနေ လှုပ်ရှားမှုအချိန်ကာလ၊ (၁၆)ရက်တာကာလကျင်းပရခြင်း၏ ရည်ရွယ်ချက်/ဆောင်ရွက်ချက်များ၊ ၂၀၂၂ ခုနှစ်(၁၆)ရက်တာလှုပ်ရှားမှုဆောင်ပုဒ်/Messageများနှင့် ဌာန/အဖွဲ့အစည်းမှ အမျိုးသမီးဘဝလုံခြုံမှုရရှိစေရေးအတွက် ကာကွယ်စောင့်ရှောက်မှုနှင့် လူမှုပတ်ဝန်းကျင်ဝင်ဆံ့နိုင်ရေး ဝန်ဆောင်မှုပေးနေသည့် အခြေအနေများကို ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဖြူဖြူငြိမ်းက အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)