သတင်းများ

ကမ္ဘာခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းတက်ရောက်
Dec 02,2022
၂ဝ၂၂ ခုနှစ်၊ ကမ္ဘာခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ်ဦးဇော်လင်းထွန်း ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ် မြို့မ အ.လ.က ကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 02,2022
ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရန်နှင့် လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေး၏ အနှစ်သာရကို လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက တောင်တွင်းကြီးမြို့၊ မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ် အထက(၃)ကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စုအမှတ်(၆၅)နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်တွင် ရေအသုံးချသူများအဖွဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ဖွင့်လှစ်ပို့ချ
Dec 02,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဒေသခံတောင်သူများ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာ၌ စိုက်ပျိုးရေ စနစ်တကျ စီမံခန့်ခွဲအသုံးချ စိုက်ပျိုးလုပ်ကိုင်တတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ရေအသုံးချသူများအဖွဲ့စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ(အလွတ်တန်း) မြန်မာ့သိုင်းပြိုင်ပွဲ ကျင်းပ
Dec 02,2022
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အလွတ်တန်း) မြန်မာ့သိုင်းပြိုင်ပွဲကို ယမန်နေ့ နံနက် (၉:၃၀)အချိန်က တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ပဒေသာအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့သမိန်ထောကုန်းတန်းကျေးရွာအုပ်စုတွင်ကောက်ညှင်းမိုးစပါးစံကွက်ရိတ်သိမ်း
Dec 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်သမိန်ထောကုန်းတန်းကျေးရွာအုပ်စု၊ကွင်းအမှတ် (၄၂၀၊အေ)၊ ဦးပိုင်အမှတ် (၉/၂)ရှိတောင်သူ ဦးဆန်းမောင်၏လယ်မြေတွင် ကောက်ညှင်းစပါးမျိုးအားမိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ဒီဇင်ဘာလ (၁)ရက်နေ့နံနက် (၉)နာရီအချိန်ကအဆိုပါတောင်သူ၏ လယ်မြေတွင် ပြုလုပ်ကြကြောင်းသိရသည်။
နတ်မောက်မြို့နယ်တွင် စျေးကွက်ဝင်ငရုတ်ပင်များအောင်မြင်ဖြစ်ထွန်း၍ စျေးကောင်းရရှိ
Dec 02,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် စျေးကွက်ဝင်ငရုတ်သီးပင်များ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိ၍ ငရုတ်စိုက်ပျိုးသည့်တောင်သူများ မိသားစုဝင်စီးပွားရေး အဆင်ပြေလျက်ရှိကြောင်းသိရ သည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံ အပ်နှင်းပွဲအခမ်းအနားကျင်းပ
Dec 02,2022
ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် (၂၀၂၃)ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) အသက်(၁၈)နှစ်နှင့်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးဘောလုံး အသင်းအား အောင်နိုင်ရေးအလံအပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၈:၀၀)နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ ပဒေသာအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။