ပဲခူးမြို့တွင် စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ် ကျင်းပ

ပဲခူး ဒီဇင်ဘာ

စားသုံးသူပြည်သူများ မိမိတို့ရရှိမည့်အခွင့်အရေးများနှင့် ကုန်အညွှန်းအမှတ်အသားကို သိရှိစေရန်ရည်ရွယ်၍ “ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ယဉ်ယဉ်နုက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန ပဲခူးမြို့နယ် တာဝန်ခံဦးဗိုလ်မြတ်လင်းက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအနက်မှ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်(သို့) ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲသည့်အခါဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် အကြောင်းအရာများ၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်()ရပ်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ စားသုံးသူအကျိုးစီးပွားထိခိုက်နစ်နာမှုဆိုင်ရာအချက်များ၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူနစ်နာမှုများရှိလာပါက Call Centre(1535) သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်းစသည့် အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)