သတင်းများ

မက်မန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃  ပညာသင်နှစ်တွင် ဖြည့်စွက်ခန့်ထားသည့် ဆရာ/ဆရာမ များအား ကြိုဆိုဂုဏ်ပြုပွဲနှင့် စရိတ်ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းနားကျင်းပ
Dec 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖြည့်စွက်ခန့်ထားသည့် ဆရာ/ဆရာမများအားကြိုဆိုဂုဏ်ပြုပွဲ၊ စရိတ်ချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို မက်မန်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး  ခန်းမ၌ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
အကူသူနာပြု(ပြင်ပ)(၉)လသင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းတက်ရောက်
Dec 02,2022
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ဆေးရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် အကူသူနာပြုများကို အကူသူနာပြု(ပြင်ပ)(၉)လသင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့သည်။
ကသာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Dec 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အောင်လံမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ကွင်းဆင်း၍ ဒါန်းဒေါင့်ကျေးရွာ ပြည်သူများနှင့်တွေ့ဆုံ
Dec 02,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများကွင်းဆင်း၍ ဒါန်းဒေါင့်ကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဒါန်းဒေါင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။
သီပေါမြို့နယ်တွင်ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းများဆောင်ရွက်
Dec 02,2022
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီက ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမတွင် Sweet December အခမ်းအနားပြုလုပ်
Dec 02,2022
ချင်းပြည်နယ် ၊ ဟားခါးမြို့ရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်  ၁၀ နာရီက Sweet December အခမ်းအနားပြုလုပ်ရာ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်းနှင့် အရာထမ်း ၊ အမှုထမ်း (၁၆၁) ဦး တက်ရောက်ပြီး ပြည်နယ် အုပ်ချုပ်ရေးမှူးက Sweet December နှုတ်ခွန်းဆက်စကားပြောကြားသည်။
နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများဆောင်ရွက်
Dec 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ စာအုပ်စာစောင်များ အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်း က Mobile Library ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် Talk Show ဆောင်ရွက်
Dec 02,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၃.၁၂.၂၀၂၂)ရက်နေတွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် Talk  Show  ကို  ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာ ၁ ရက် နေ့လယ် ၁ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။