ရွှေတောင် ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် ယမန်နေ့နေ့လယ်ပိုင်း ကအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)တာလှုပ်ရှားမှုအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်နန်းမြအေးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ဒုရဲမှူးသိုက်စိုးက အမျိုးသမီးအကြမ်းဖက်မှုနှင့်သိကောင်းစရာများ၊ ဒုတိယမြို့နယ်အရာရှိဦးသက်ဖြိုးပိုင်က အမျိုးသမီးများနှင့်ပတ်သက်သည့် ဥပဒေများအကြောင်း၊ ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒု-ဦးစီးမှူးဒေါ်ဂျမ်းဂျမ်းအေးက အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)တာလှုပ်ရှားမှု နောက်ခံသမိုင်းနှင့်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ဆောင်မှုပေးနေသည့်အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြရာ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုကို မင်း ( ပြန် / ဆက်)