ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၌ ဆန်အမျိုးမျိုးလက်ရှိပေါက်စျေးနှင့် ရောင်းချမှုအခြေအနေများအား ကွင်းဆင်းမေးမြန်းစစ်ဆေး

ပန်းတောင်း ဒီဇင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၌ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းအေးမှ ဆန်ပွဲရုံလုပ်ငန်းရှင်ဒေါ်စိုးရည်ဦး(ပင်ရွှေဦး)နှင့်တွေ့ဆုံကာ  ပဲအမျိုးမျိုး လက်ရှိပေါက်စျေးနှင့် ရောင်းချမှုအခြေအနေများကို ယမန်နေ့နေ့လယ်က ကြည့်ရှုမေးမြန်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့မေးမြန်းရာ လက်ရှိပေါက်စျေးအနေဖြင့် ကရင်မဆန်အဝယ်(၁)အိတ်(အသစ်)စျေးနှုန်းအနေဖြင့်(၄၁၀၀၀)ကျပ်၊ မနေသုခဆန်(၁)အိတ်လျှင်(၄၃၀၀၀)ကျပ်၊ ရိုးနီရှယ်(၁)အိတ်လျှင်(၄၈၀၀၀)ကျပ်၊ ပေါ်ဆန်း(၁)အိတ်လျှင်(၆၁၀၀၀)ကျပ်၊ မှော်ဘီ(၁)အိတ်လျှင်(၄၅၀၀၀)ကျပ်၊ ပခါန်းဆန်(၁)အိတ်လျှင်(၄၈၀၀၀)ကျပ်နှင့် ကောက်ညှင်းဆန်(၁)အိတ်လျှင် (၉၀၀၀၀)ကျပ်နှုန်းဖြင့် ဒေသအတွင်းရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရသည်။

ယခင်နှစ်အတွင်း ပင်ရွှေဦးဆန်ပွဲရုံအနေဖြင့် ဒေသတွင်းသာမက တိုင်းကျော်နယ်ကျော်ရောင်းဝယ်ဖောက်ကားခဲ့သော်လည်း ယခုအခါတိုင်းကျော် နယ်ကျော်ရောင်းချမှုမရှိကြောင်း ဒေသအတွင်းသာရောင်းဝယ်လျက်ရှိပါကြောင်း စားသုံးသူရေးရာဦးစီးဌာနမှဦးစီးအရာရှိဒေါ်သန်းသန်းအေးထံမှ သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)