ဘုတ်ပြင်းမြို့နယ် အောက်လိပ်ကျေးရွာ၌ လူငယ်စကားဝိုင်း ပြုလုပ်

ဘုတ်ပြင်း   ဒီဇင်ဘာ     

ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်၍ လူငယ်စကားဝိုင်းကို ယမန်နေ့က အောက်လိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

စကားဝိုင်းတွင် အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မင်းဝါက အဖွင့်အမှာစကားပြောကြားသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက လူငယ်များ ဗလငါးတန်နှင့်ပြည်စုံရေး၊ အသိပညာဗဟုသုတပြည်စုံစေရေး၊ နှုတ်မှု စွမ်းရည်များတိုးတက်မြှင့်မားစေရေး၊ လူငယ်အချင်းချင်း အသိပညာဖလှယ်မှုရရှိစေရေး အချင်းချင်း ပူးပေါင်းတတ်စေရန်စသည့်  လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်သံကျွမ်း ကျင်-၃ ဒေါ်ခင်စန္ဒာဦးက Moderator အဖြစ်လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စတင်ခဲ့သည်။

စကားဝိုင်းဆွေးနွေးပွဲတွင်Grade-11 ကျောင်းသူ မမေမြတ်သူ၊  Grade-11 ကျောင်းသူ မမေနန္ဒာအောင်၊ Grade-11 ကျောင်းသား မောင်ပိုင်မြတ်နိုးအောင်  Grade-10 ကျောင်းသား မောင်ကောင်းထက်မိုး၊ Grade-10 ကျောင်းသူ  မသင်းနုလှိုင်တို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူယစ်းဆေးဝါး၊ လူငယ်နှင့်စာရိတ္တ၊ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် ကျောင်း သား/ကျောင်းသူများမှ စကားဝိုင်းအတွင်း ဝင်ရောက်မေးမြန်းအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)