ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၄၄၄၂၉၂) ဦး ထိုးနှံပြီးဖြစ်

ကျောက်ဆည် ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးစီး၍ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့နက်(၉)နာခွဲအထိ (၄၄၃,၃၄၂)ဦး ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက စုကြီးရပ်ကွက်မှမြို့တော်ခန်းမနှင့် သံရွာ၊ မင်းစု၊ စမာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ၊ ဒွေးလှ ကျန်းမာရေးဌာနခွဲ ဆေးရုံများနှင့် စက်ရုံ၊ အလုပ်ရုံများတွင် သတ်မှတ်ရက်အလိုက် ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ်တွင် (၂၁၁,၄၃၄)ဦး၊ ဒုတိယအကြိမ်တွင်(၁၉၂၀၄၁)ဦး၊ တတိယအကြိမ်တွင်(၃၆,၄၅၂)ဦးနှင့် စတုတ္ထအကြိမ်တွင် (၄,၃၆၅)ဦး၊ စုစုပေါင်း(၄၄၄,၂၉၂)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

ကာကွယ်ဆေးများထိုးနှံပေးရာတွင် လွှမ်းခြုံမှုရှိစေရေး၊ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များပူးပေါင်းခဲ့ပြီး ပြည်သူများ သတ်မှတ်အကြိမ်၊ သတ်မှတ်ရက်များတွင် လာရောက်ထိုးနှံရေး အသိပေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)