သတင်းများ

ငဖဲမြို့တွင် အခြေခံစားကုန်နှင့်ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Dec 08,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်မှု အထောက်အကူဖြစ်စေရန်နှင့် သက်သာသောဈေးနှုန်းဖြင့် စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပဒါန်းတပ်နယ်မှ အခြေခံစားကုန်များနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် တတိယအကြိမ် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်က ငဖဲမြို့ ကျောင်းတွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ မကျီးပင်လမ်းဆုံနေရာတွင် ပြုလုပ်ခဲ့သည်။
ကျောက်တံတားမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး ကွင်းဆင်းစစ်ဆေး
Dec 08,2022
ကျောက်တံတားခရိုင်၊ ​ ကျောက်တံတားမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီစေရေးအတွက်  ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၉)ရပ်ကွက်အတွင်းရှိ လမ်း(၄၀) အောက်လမ်း၌ AC ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာနေရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဥတ္တရခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်တွင် မဲပေးပိုင်ခွင့်ရရှိရေး ပြည်သူများပူးပေါင်းပါဝင်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Dec 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပူးပေါင်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲပေးပိုင်ခွင့်ရရှိရေး ပြည်သူများပူးပေါင်းပါဝင်ရေး အသိပညာပေး (Talk Show) ကို ယနေ့နံနက်ပိုင်းက ဥတ္တရခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Dec 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများရရှိစေပြီး အမှား၊ အမှန်၊ ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ပြည်သူများ လက်ဝယ်အရောက်ငှားရမ်းပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန္ဒာအေးအောင် (ဒုတိယဦးစီးမှူး) နှင့် ဒေါ်နှင်းအိအိခိုင် (စာကြည့်တိုက်လက်ထောက်-၃) တို့က ယနေ့နံနက် (၁၁) နာရီက မြို့နယ်စာရင်းစစ်ရုံးတွင် နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သုံးခွမြို့၌ လူငယ်စကားဝိုင်း ကျင်းပ
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က အ.ထ.က (၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းရယ်မြို့နယ် အ.ထ.က(ခွဲ)ဟိုယ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲပြုလုပ်
Dec 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် ပညာရေးမှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဥပဒေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက အ.ထ.က(ခွဲ)ဟိုယ ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ ပေးဟောပြောပွဲကို ကျင်းပသည်။
ရွာငံမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ဆက်လျက်ထိုးနှံပေး
Dec 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသူများနှင့် Booster First Dose ထိုးနှံထားရှိပြီး (၆)လပြည့်​ပြီးသည့်သူများ၊ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့ဦးမင်္ဂလာကျောင်းကြီးနှင့် သတ်မှတ်စုရပ်တွင် ထိုးနှံပေးလျက်ရှိသည်။
သရက်ချောင်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ရုပ်ပုံပြပုံပြောခြင်းဆောင်ရွက်
Dec 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ရုပ်ပုံပြပုံပြောခြင်းကို ‌ယနေ့နံနက် ၁၀ နာရီခွဲက သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ကျင်းပခဲ့သည်။