ပြင်ဦးလွင် ဒီဇင်ဘာ ၉
စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲ၊ မဲခေါင်-လန်ချန်းဒေသရှိ မက္ကဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာဖွံဖြိုးတိုးတက်ရေး စီမံကိန်းအစီအစဥ်ဖြင့် မက္ကဒေးမီးယားစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးဆွေးနွေးပွဲကို ပြင်ဦးလွင်မြို့ Royal Park View Hotel ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံမက္ကဒေးမီးယားအသင်းအဖွဲ့ စတင်တည်ထောင်ရာတွင် လုပ်ငန်းစဥ်ပါဝင်မည့်သူများအား အသင်းအဖွဲ့စု စည်းပြီးစတင်ဆောင်ရွက်နေကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ရှေ့ဆက်ပြဿနာအခက်အခဲများအား ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ တိုးချဲ့ဆောင်ရွက် စိုက်ပျိုးနိုင်ရန်အတွက် ပြည်တွင်းတွင် စိုက်ပျိုးရန်ပြည်ပပညာရှင်များနှင့်ပူးပေါင်းဆောင်ရွက်မှုမှ မဲခေါင်-လန်ချန်းသည်နောင်တစ်ချိန်တွင် သမိုင်းတွင် မည်ဖြစ်သောကြောင့် မက္ကဒေးမီးယား ကဏ္ဍဖွံဖြိုးတိုးတက်ရန်လုပ်ငန်းစဥ်များအား မချွင်းမချန် ဆွေးနွေးကြရနှင့် ကွန်ယက်ချိတ်ဆက်နိုင်ရေး ဦးတည်ဆောင် ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ဟုန်းပြည်နယ်ခွဲ စက်မှုသတင်း အချက်အလက်နှင့်သိပ္ပံနည်းပညာဌာနမှ ညွှန်ကြားရေးမှူး Mr.Xiang Shibao နှင့် တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးမှ ညွှန်ကြားရေးမှူး ဦးဌေးမြင့်တို့ကလည်းနှစ်ဦးနှစ်ဖက်အတွက် မြန်မာနိုင်ငံနှင့် အထူးနည်းပညာများ သင်ကြားပေးရန်ပညာသင်များစေလွှတ်နိုင်ရန် အစီအစဥ်များရှိပါကြောင်း၊ ပူးပေါင်းဆောင် ရွက်မည့် system ဆောင်ရွက်ရန်ရှိပြီး သိပ္ပံနည်းပညာပူးပေါင်း ဆောင်ရွက်ရေး အထူးအစီအစဥ်လည်းရှိနေကြောင်း၊ စီးပွားကုန်သွယ်မှုစမ်းသပ်ဇုန်အဖြစ် စမ်းသပ်ရန် policy များချထားပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နှစ်ရှည်သီးနှံဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဌာနခွဲမှ တာဝန်ခံဦးအောင်နိုင်ထွန်းတို့မှလည်း မက္ကဒေးမီးယားပင်များအကြားကော်ဖီပင်များ စိုက်ပျိုးနိုင်ရန်နှင့်ပျားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကာ မက္ကဒေးမီးယားစိုက်ပျိုးသူများ၏ မေးမြန်းဆွေးမှုများကို ပြန်လည်ဖြည့်စွက်ဖြေကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ပြင်ဦးလွင်)