ညောင်ဦး ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာ မွေးမြူရေးတောင်သူများသို့ ဒေသမျိုးရင်းနွားမများဝယ်ယူရန် အရင်းမပျောက်လှည့်ပတ် ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က အဖွင့်အမှာစကားပြောကြားကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ချိုက ထောက်ပံ့ပေးအပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဒေါက်တာခင်ချိုတို့က သစ်ထောင့်ကျွန်းကျေးရွာအုပ်စု၊ သစ်ထောင့် ကျွန်းကျေးရွာနှင့်ဘုရားလေးကုန်းကျေးရွာ၊ မြေသင်တွင်းကျေးရွာအုပ်စု၊ လက်ပံတဲကျေး ရွာ(တောင်)၊ လက်ပံတဲကျေးရွာမြောက်ကျေးရွာများရှိ ဒေသမျိုးနွားမများမွေးမြူမည့် မွေး မြူရေးတောင်သူ (၁၂၀) ဦးအတွက် တောင်သူတစ်ဦးလျှင် (၅)သိန်းနှုန်းဖြင့် ပေးအပ်ခဲ့ကြောင်း၊ အဆိုပါထောက်ပံ့ငွေသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာထူထောင်ခြင်းခေါင်းစဉ်မှ ပေးအပ်ခြင်းဖြစ်ပြီး ဒေသနွားမကောင်ရေ (၁၂၀) ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။
ကိုကြေးမုံ