မိုးမောက် ဒီဇင်ဘာ ၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေအမှတ် (၄၆/၂၀၂၂) ဖြင့် အသင်း အဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပြဌာန်းထားရှိမှုအား မြို့နယ်အတွင်းရှိ လူမှုရေးအသင်း အဖွဲ့များထံချပြရှင်းလင်းခြင်း အခမ်းအနားကို ဒီဇင်ဘာ ၈ ရက် နံနက် ၁၀ နာရီခန့်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်က ဥပဒေအမှတ် (၄၆/၂၀၂၂) ဖြင့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပြဌာန်းထားရှိမှုအား ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ မြို့နယ်မှတ်ပုံတင်ရေး အဖွဲ့၀င်များ ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ၊ မြို့နယ် အတွင်းလူပ်ရှားဆောင်ရွက်နေသော လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် စေတနာမိုးလူမှုကူညီရေး အသင်း၊ Ever Green အသင်းတို့မှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြကာ လူမှုရေးအသင်း အဖွဲ့များမှ သိရှိလိုသည်များအား မေးမြန်းခဲ့ရာ မြိုနယ်မှတ်ပုံတင်ရေးအဖွဲ့မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)