သတင်းများ

ရသေ့တောင်မြို့၌  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးမြို့မစျေးတွင် အသိပေးနှိုးဆော်
Dec 09,2022
ရသေ့တောင်မြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိဒေါ်မအေးသန်း၊ မြို့မစျေးကော်မတီဥက္ကဋ္ဌ ဦးလှကျော်သာ တို့နှင့်ပူးပေါင်းပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့် တပ်ဖွဲ့ဝင်များက ရသေ့တောင်မြို့အရှေ့တောင်ရပ်ကွက်ရှိ  မြို့မစျေးမီးဘေးလုံခြုံရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်  မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထားရှိရေး၊ လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ အကြံပြုစစ်ဆေးခဲ့ကြပါသည် ယခုအချိန်သည်ပွင့်လင်း ရာသီသို့ရောက်ရှိလာပြီ ဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိ ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းနှင့်မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြား ကြရန်စသည်တို့အား အသိပေးနှိုးဆော်ကြကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်းရှိ စားသောက်ဆိုင်နှင့် စျေးရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တာဝန်ရှိသူများစစ်ဆေး
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်းရှိ စားသောက်ဆိုင်နှင့် စျေးရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တာဝန်ရှိသူများ လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
သဲကုန်းမြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ကျား၊ မ အခြေပြုအကြမ်းဖက်မှုအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့က လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေး ဟောပြောပွဲကျင်းပ
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သရက်တော အထကခွဲကျောင်းတွင် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးဟောပြောပွဲ ကျင်းပခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်
Dec 09,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားများ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ များ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆိပ်ကြီးရပ်ကွက် အခြေခံပညာ အလယ်တန်း ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် ခဲ့သည်။
မုဒုံမြို့၌ အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာရောဂါများ စမ်းသပ်စစ်ဆေးကုသခြင်းလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Dec 09,2022
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ပြည်သူများအား အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာရောဂါများ စမ်းသပ်စစ်ဆေးကုသခြင်းလုပ်ငန်းများကို ယမန်နေ့က မြို့မ (၁)ရပ်ကွက်ရှိ ဓမ္မဂုဏ်ရည် ကျောက်ဝိုင်းကျောင်းဓမ္မာရုံ၌ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးသည်။
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှု (အရာရှိ)သင်တန်းနှင့် အခြေခံလုပ်သားစက်ပြင်သင်တန်းများ ဆင်းပွဲအခမ်းအနားကျင်းပ
Dec 09,2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှု(အရာရှိ)သင်တန်း အမှတ်စဉ်(၃၃/၂၀၂၂)နှင့် အခြေခံလုပ်သားစက်ပြင်သင်တန်း အမှတ်စဉ် (၅/၂၀၂၂)များ  ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။