ကျွန်းလှ ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ထိုင်ဝမ်ဖူးစားပြောင်းကို ချောင်ရေးနှင့် မြေအောက်ရေတင်ပြီး စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဈေးပိုရောင်းရ၍ အဆင်ပြေ လျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တေယ်တို့ ရှမ်းစုကျေးရွာမှာရှိတဲ့ တောင်သူတွေက စပါးအပြင် ဟင်းသီး ဟင်းရွက် သီးနှံမျိုးစုံကို (နွေ၊ မိုး၊ ဆောင်း) ချောင်းရေတင် စိုက်ပျိုးကြပါတယ်။ ယခုနှစ် စိုက်ပျိုးတဲ့ ထိုင်ဝမ်ဖူးစားပြောင်းသီးနှံ အောင်မြင်ဖြစ်ထွန်းပြီး တစ်ဖူး ငွေကျပ် ၂၅၀၀မှ ၃၀၀ ထိရောင်းရပါတယ်။ ပြောင်းရိုးကိုလည်း ကျွဲ၊ နွားအဖြစ် အသုံးပြုရတဲ့အတွက် စိုက်ပျိုးသင့် ပါတယ်” ဟု ဖူးစားပြောင်း စိုက်တောင်သူတစ်ဦးကပြောပြသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဖူးစားပြောင်း စိုက်ပျိုးရန် ၁၃၃၇ ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိအချိန်အထိ ၇၁၂ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။
မျိုးဝင်းညို ကျွန်းလှ