ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဆိုင်းဘုတ်တင်ပွဲနှင့် အသင်းအဆိုပြုလွှာ ပေးအပ်ပွဲကျင်းပ

သပိတ်ကျင်း   ဒီဇင်ဘာ ၉

ခရိုင်အဆင့်/မြို့နယ်အဆင့်(YMBA) ဗုဒ္ဓဘာသာ ကလျာနယုဝအသင်း ဆိုင်းဘုတ်တင်ပွဲနှင့် အသင်းဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီက သပိတ်ကျင်းမြို့၊ ကဘဲ့ရပ်ကွက်၊ သရက်တောကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ(YMBA)အသင်း ခရိုင်နာယကဆရာတော် ဘဒ္ဒတဥူးဇောတိပါလ၊ သပိတ်ကျင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်အောင်အောင်၊ မန္တလေးတိုင်းဒေသကြီး(YMBA)အသင်းဥက္ကဋ္ဌ ဦးကြည်စိန်တို့က ခရိုင်/မြို့နယ်(YMBA) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နာယကဆရာတော်နှင့် တာဝန်ရှိသူများမှ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။

 ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အရ (YMBA) အသင်းဝင် အဆိုပြုလွှာပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ကြွရောက်လာကြသောဆရာတော်များမှ နမောတသသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်သံဃနာယကအကျိုးတော်ဆောင်ဆရာတော် ဥူးတေဇသာရထံမှ ငါးပါးသီလခံယူခဲ့ကြသည်။

၎င်းနောက် ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းကာ နာယကဆရာတော်ဘဒ္ဒတဥူးဇောတိပါလမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့​သည်။ ဆက်လက်၍ တပ်နယ်မှူးဗိုလ်မှူးချုပ်အောင်အောင်က (YMBA) အသင်းဖွင့်လှစ်နှင့် ပတ်သက်၍ လျှောက်ထားတင်ပြခဲ့ကာ တိုင်းဒေသကြီး YMBA အသင်းဥက္ကဋ္ဌမှ အသင်းဝင်အဆိုပြုလွှာများ ပေးအပ်ခဲ့သည်။

၎င်းနောက် လင်းထိုက်မြန်မာကုမ္ပဏီမှ ခရိုင် YMBA အသင်းအတွက် အလှူငွေ သိန်း (၂၀၀)၊ မြို့နယ်အသင်းအတွက် အလှူငွေကျပ်သိန်း (၁၀၀)၊ ထာဝရကုမ္ပဏီမှ ခရိုင် YMBA အသင်းအတွက် အလှူငွေ ကျပ်သိန်း (၃၀) နှင့် မြို့နယ်အသင်းအတွက် အလှူငွေ ကျပ်သိန်း (၂၀)တို့ကို အသီးသီး ပေးအပ်လှူဒါန်းပေးအပ်ခဲ့ကြသည်။

၎င်းနောက် အလှူငွေလှူဒါန်းပေးအပ်ခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်ကာ တိုင်းဒေသကြီးအသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ သပိတ်ကျင်းတပ်နယ်မှူးနှင့် ဌာနချုပ်မှူးဗိုလ်ချုပ်မင်းမင်းထွန်း၊ တိုင်းဒေသကြီးအသင်းဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့်နာယကများ၊ ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်အဖွဲ့များ၊ အသင်းဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)