ရွှေဘို ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မိဘပြည်သူများသို့ အသိပေး ပန်ကြားချက်၊ အသိပညာပေး(Talk Show)ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းက အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးLယော်ထုန် ကဒေသခံပြည်သူများ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ လက်ဝယ်ကိုင်ဆောင်နိုင်ရေးအတွက် နေ့စဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း ထိုသို့နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးရာတွင် အသက် ၁၀ နှစ်ပြည့်နှင့်အသက် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ် အသစ်ပြုလုပ်ပေးခြင်း၊ အသက် ၁၀ နှစ်မှ အသက် ၁၈ နှစ်သို့လဲလှယ် ပေးခြင်း၊ ဟောင်းနွမ်း ပျောက်ဆုံးပျက်စီး လျက်ရှိသည့်နိုင်ငံသား စိစစ်ရေးကတ်များ အသစ်ပြန်လည်ပြု လုပ်ပေးခြင်း၊ အိမ်ထောင်စုအလိုက် ပြောင်းဝင် ပြောင်းထွက်ခြင်း၊ လူဦးရေတိုးခြင်း၊ လျှော့ခြင်းနှင့် မွေးဖွားသူ စာရင်းတိုးပေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ကိုလူတစ်ဦးလျှင် တစ်ကတ်သာ ကိုင်ဆောင်ရမည်ဖြစ်ကြောင်း၊ တစ်ကတ်ထက်ပိုနေပါက ရုံးသို့အမြန်လာရောက်ဆက်သွယ်ရန်နှင့် ဒေသခံပြည်သူများသိသင့် သိထိုက်သည့်အချက်များစသည်တို့ကိုအကျယ်တဝင့်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းများကို Online စနစ်ဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Page တွင်စဥ်ဆက်မပြတ် စီစဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်