ဘီးလင်း ဒီဇင်ဘာ ၉
ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၁နာရီက “မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး” အသိပညာပေး (TalkShow) ဆွေးနွေးပွဲကို Online အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။ ထို့နောက် ဘီးလင်းမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးထွန်းထွန်းလင်းက မိမိတို့ဌာန၏ ရည်မှန်းချက်တာဝန်များ၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ကြိုတင်ဆောင်ရွက်ချက်များ၊ ပြည်သူများ မီးသုံးစွဲရာတွင် ပေါ့ဆမှုမရှိစေရေးသတိပြု လိုက်နာရမည့်အချက်များ၊ စျေးများ၊ စက်သုံးဆီအရောင်းဆိုင်များတွင်၊ မီးဘေးအန္တရာယ်မဖြစ်ပေါ်ရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် ရပ်ကွက်/ ကျေးရွာများတွင် မီးဘေးအန္တရာယ် အစဉ်သတိရှိရေး အသိပေးလိုက်လံနှိုးဆော်ပေးခြင်းများကို အသေးစိတ် ဆွေးနွေးခဲ့ကြောင်းသိရ သည်။
ထူးနောင် (ပြန်/ ဆက်)