ပေါက်တောမြို့နယ် အ.ထ.က ကျောက်တောင်ကျောင်း၌ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပေါက်တော ဒီဇင်ဘာ ၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက ပေါက်တောမြို့နယ်ရှိ အ.ထ.က ကျောက်တောင် ကျောင်းခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး  ဦးမြမင်းထွန်းက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ဟောပြောပြီး တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီး ဌာနမှ မြို့နယ်အားကစားမှူး ဦးမြမင်းထွန်းက ပြန်လည်ဖြေကြားပေးသည်။

ထို့နောက် မြို့နယ်အားကစားမှူး ဦးမြမင်းထွန်းက အားကစားပစ္စည်းများလှူဒါန်းရာ အ.ထ.က ကျောက်တောင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မသိန်းစိုးနှင့် ဆရာ/မများမှ လက်ခံရယူခဲ့ကြပြီး အသိပညာပေးဟောပြောပွဲသို့ အ.ထ.က ကျောက်တောင်ကျောင်းမှ ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာ/ဆရာမများ၊ အထက်တန်း ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)