ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် နွေစပါးနှင့်နေကြာသီးနှံလျာထားပြည့်မှီအောင် စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တောင်သူများနှင့်ကွင်းဆင်းတွေ့ဆုံ မှာကြားလျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၂၁)ရပ်ကွက်လိန်ကုန်းကျေးရွာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းလှိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးခင်မောင်မြင့်၊ မြို့နယ်မြေစာရင်းဦးစီးမှူးဦးကျော်ဝင်းနှင့် တာဝန်ရှိသူများက တောင်သူများနှင့်တွေ့ဆုံကာ နွေစပါးနှင့်နေကြာသီးနှံလျာထားချက်ပြည့်မှီအောင် စိုက်ပျိုးနိုင်ရေးနှင့် မိုးစပါးများအမိုးအကာအောက်အမြန်ရောက်ရှိစေရန် ရိတ်သိမ်းနိုင်ရေးတို့အား မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)