ကော့သောင်း ဒီဇင်ဘာ ၉
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အထက (၁ )ကျောင်း၊ မြတ်ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက စာအုပ်ပြပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
စာအုပ်ပြပွဲအား လေ့လာကြသည့် ကျောင်းသူ၊ ကျောင်းသားကလေးများအား လွတ်လပ်ရေး၏ တန်ဖိုးနှင့် လွတ်လပ်ရေးအား အစဉ်ထိန်းသိမ်းတတ်လာစေရေး၊ လွတ်လပ်ရေးကြိုးပမ်း မှုဖြစ်စဉ်များနှင့် အခြားဗဟုသုတဖြစ်ဖွယ် စာအုပ်စာပေများ ခင်းကျင်းပြသပေးထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
စာဖတ်ခြင်းအလေ့အထ ရှင်သန်ထက်မြက်လာရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရေးနှင့် စာပေမှအသိပညာဗဟုသုတများ ရှာမှီးတတ်လာစေရေး ရည်ရွယ်ကာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အထိမ်းအမှတ်အဖြစ် စာအုပ်ပြပွဲ ခင်းကျင်းပြုလုပ် ကျင်းပ ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။
ကျော်စိုး (ကော့သောင်း)