ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၇/၂၀၂၂) အစည်းအဝေး ကျင်းပ
Dec 18,2022
ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂) အစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်မ(၃)၌ ကျင်းပရာ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒေသထွက်ကုန်ကြမ်းများကိုအခြေခံ၍ အဆင့်မြှင့်ကုန်ချောထုတ်လုပ်မှုများကို တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။