မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သောကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့မှ ကြက်ရှာကျေးရွာအုပ်စုဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားအား ယမန်နေ့နံနက် ၉ နာရီအချိန်က ကြက်ရှာကျေးရွာအုပ်စု၊ ဓမ္မသုခကျောင်းတိုက်၊ စိတ္တသုခဗိမာန်တော်၌ ကျင်းပသည်။
အဆိုပါလူထုတွေ့ဆုံပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းထက်မှူး၊ အတွင်းရေးမှူးရဲမှူးမိုးစိန်၊ အဖွဲ့ဝင်(၃)မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးအရာရှိဦးစောဝဏ္ဏနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက (၆၆/၆)နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေနှင့် အကျိူးဆက်များ၊ အခြေခံပညာကျောင်းများတွင် ကျောင်းတက်ရောက်မှုအခြေအနေနှင့် အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နွေစပါး၊ နေကြာနှင့်ဆောင်းသီးနှံများအား လျာထားချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ပေးရန်ကိစ္စရပ်များ၊ ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးဆိုင်ရာကိစ္စရပ်များ၊ မြို့နယ်အနေနှင့် Clean City, Green City, Smart City ဖြစ်စေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရပ်ရွာနေပြည်သူများမှလည်း မိမိတို့နေအိမ်ပတ်ဝန်းကျင်နှင့်လမ်းများ သန့်ရှင်းသာယာလှပစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြပြီး အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကြက်ရှာကျေးရွာနေ ဒေသခံပြည်သူ(၅၀၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အောင်အောင်(ပြန်/ဆက်)