သတင်းများ

ပညာဘူမိတက္ကသိုလ်မှ ဦးစီးကျင်းပသော သုတဓမ္ဒီပလိုမာ Level (1) စာမေးပွဲ ဧရာဝတီစာဖြေဌာန (၁)ကျောင်းကုန်းမြို့၌ ဖြေဆို
Dec 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက် ဒက္ခိဏာရာမ(ရွှေကျင်) ပရိယတ္တိစာသင်တိုက် မျက်ရှင်တော်ပြည်လုံးချမ်းသာဘု ရားကြီးဝန်းအတွင်းရှိ ဓမ္မသဟာယမဉ္ဇရီဗိမာန်တွင် ပညာဘူမိတက္ကသိုလ်မှ ဦးစီးကျင်းပသော သုတဓမ္မဒီပလိုမာ Level(1) စာမေးပွဲ ဧရာဝတီစာဖြေဌာန(၁)ဖြေဆိုမှုကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန် စတင်ဖြေဆိုခဲ့ကြသည်။
မြေပုံမြို့နယ်အတွင်းရှိ နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများသို့ ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Dec 18,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြို့နယ်အတွင်းရှိ နေရပ်ပြန်မည့် တိုက်ပွဲရှောင် ပြည်သူများသို့ ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လည်(၁၂)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကရင်သက္ကရာဇ်၂၇၆၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲကျင်းပ
Dec 18,2022
ပြည်နယ်အတွင်း ရွက်ပုန်းသီးလှေလှော်အားကစားသမားများပေါ်ထွန်းလာစေရေး ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျရောက်မည့် ကရင်သက္က ရာဇ် ၂၇၆၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ ကမ်းနားလမ်း၊ သံလွင်မြစ် အတွင်း၌ ကျင်းပသည်။
ရွှေဘိုခရိုင်ရုံး (Community  Centre) ခန်းမတွင် က​လေးသူငယ်များ၏ အခွင့်အ​ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်
Dec 18,2022
စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် က​လေးသူငယ်များ၏ အခွင့်အ​ရေးဆိုင်ရာ အသိပညာ‌ပေး (Talk Show) ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ချီဖွေမြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များ ညှိနှိုင်းဆွေးနွေး
Dec 18,2022
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်တွင် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များ ညှိနှိုင်းဆွေး နွေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီခွဲက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဝိုင်းမော်မြို့နယ်၌ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 18,2022
ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ဝိုင်းမော်ဇုံနယ် လီဆူအသင်းတော်ဝတ်ပြု ဘုရားကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
မတ္တရာမြို့မစည်ပင်သာယာဈေး မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ကွင်းဆင်းစစ်ဆေး
Dec 18,2022
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မြို့မစည်ပင်သာယာဈေးကြီး မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် လျှပ်စစ်မီးနှင့် အခြားမီးများ သုံးစွဲမှုများအား  ဒီဇင်ဘာလ ၁၇ ရက် မွန်းလွဲ ၁နာရီက ကွင်းဆင်း စစ်ဆေးခြင်းခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ်၏ ‌ဘောလုံးအားကစား အဆင့်အတန်းတိုးတက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Dec 18,2022
ကချင်ပြည်နယ်၏ ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မိုးလုံလေလုံ အားကစားခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။