ကျိုက်လတ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Dec 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မြို့နေပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အထများ ရရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လမ်းသွားလမ်းလာ ပြည်သူများအား Mask များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် ၅ ရပ်ကွက်၊ လမ်းမတော်လမ်းနှင့် ၁၉ လမ်းထိပ်လမ်းဆုံနေရာ၌ ပြုလုပ်ခဲ့သည်။