သတင်းများ

သာကေတမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Dec 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ  မျိုးကွဲသစ် အိုမီခရွန် ကာကွယ်၊ တာဆီးထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀:၃၀)အချိန်၌ ကိုဗစ်၁၉ ရောဂါ မျိုးရိုး ဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၊ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံး
အခြေခံပညာ အထက်တန်းအဆင့် Grade-9 ဘာသာ ရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Dec 18,2022
၂၀၂၂-၂၀၂၃ခု နှစ် ၊ ပညာသင်နှစ် အခြေခံပညာ အထက်တန်း အဆင့်Grade-9 ဘာသာရပ် ဆိုင်ရာ   အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနား ကို ဒီဇင်ဘာ ၁၇ ရက်  နံနက် ၉နာရီ က အ.ထ.က ကျိုက်မရော ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရေနံချောင်းတက္ကသိုလ် ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Dec 18,2022
မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နေ့သင်တန်းဘွဲ့ရ မောင်မယ်များအား ပထမအကြိမ် ဘွဲ့နှင်းသဘင်ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည်။
ကျောက်ဖြူမြို့၊ အထက(ခွဲ)အလက(၂)မြို့မကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောမှုများဆောင်ရွက်
Dec 18,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အမှတ်(၄၈)မူးယစ်တပ်ဖွဲ့စုနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက အထက(ခွဲ)အလက(၂)မြို့မကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို အသိ ပညာပေး ဟောပြောမှုများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပုသိမ်ကြီးမြို့နယ်၏ ၂၀၂၂ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Dec 18,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မနောယျမကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက် ၉နာရီက အဆိုပါကျေးရွာရှိ ကွင်းအမှတ် ၄၅၆ (က) ၌ ကျင်းပခဲ့သည်။
ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် ဆောင်းကြက်သွန်နီများ စတင်ထွန်ယက်စိုက်ပျိုး
Dec 18,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ကြီးကျေးရွာတွင် နိုဝင်ဘာလ(တတိယပတ်)မှစတင်ပြီး ဆောင်းကြက်သွန်နီများ ထွန်ယက်စိုက်ပျိုးနေကြပြီဖြစ်ကြောင်းသိရသည်။
မလှိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာတတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ
Dec 17,2022
မလှိုင်မြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၅ နာရီအချိန်တွင် မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုရပ်မှ မြို့မအားကစားကွင်းအထိ အသွား/အပြန် စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။