ကျောက်တော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပပြုလုပ်

ကျောက်တော်  ဒီဇင်ဘာ ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ခုနှစ်မိုးစပါး စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ကျောက်တော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာမှ မြို့နယ် ဦးစီးမှူး ဦးဇော်သန့်အောင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဦးစောရွှေမောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် တောင်သူများတက်ရောက်ခဲ့ကြသည်။    ဆက်လက်ပြီး မိုးစပါးစံပြကွက် ရိတ်သိမ်းခြင်းလုပ်ငန်းအား ဆောင်ရွက်ကြရာ အပေါက်ဝကျေးရွာနေ တောင်သူဦးမောင်နီ၏ ကွင်းအမှတ် (၇၀၈-A)၌ စိုက်ပျိုးထားသော ပေါ်ဆန်းရင် (RS) အထွက်မျိုး စပါးမျိုးအား တစ်ဧက ကိုယ်စားပြုရိတ်သိမ်းခဲ့ရာ တစ်ဧက အစိုအထွက်နှုန်း(၈၂.၃၅)တင်းနှင့် အခြောက်အထွက်နှုန်းမှာ (၇၄.၃၄)တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှသိရသည်။

ခင်မောင်ထွန်း