ကျောက်ဆည်မြို့နယ်တွင် ဆောင်းနေကြာသီးနှံ (၉၆၂၀) ဧက စိုက်ပျိုးပြီးဖြစ်
Dec 18,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ကွင်းပေါင်း (၂၀၂)ကွင်း၊ တောင်သူပေါင်း (၃၈၇၉) ဦးတို့၏ စိုက်ပျိုးမြေများတွင် ဆောင်းနေကြာသီးနှံ(၁၅၆၈၄)ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ယနေ့ဒီဇင်ဘာ(၁၈)နေအထိ ဆောင်းနေကြာသီးနှံ (၉၆၂၀)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။