သတင်းများ

ရွှေဘိုတက္ကသိုလ်တွင်လူကုန်ကူးမှု၊ မူးယစ်​ဆေးဝါးတားဆီးကာကွယ်​ရေးနှင့်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြော​ဆွေး​နွေးပွဲ အခမ်းအနားကျင်းပ
Dec 18,2022
စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုတက္ကသိုလ် ရတနာသိင်္ဃခန်းမတွင် ဒီဇင်ဘာ ၁၆ ရက်နေ့နံနက် ၁၀နာရီအချိန်က၊ လူကုန်ကူးမှု၊ မူးယစ်​ဆေးဝါးတားဆီးကာကွယ်​ရေးနှင့်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြော​ဆွေး​နွေးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ပြည်သူများအား အခြေခံ စားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချ ပေးလျက်ရှိ
Dec 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ကုန်စည် ဈေးနှုန်းများမြင့်တက်မှု ကိုထိန်းချုပ်နိုင်ရေး အတွက်ပြင်ပပေါက်ဈေးထက် သက်သာသော နှုန်းထားများဖြင့် ဒေသခံပြည်သူများ စားသောက်ရေး အဆင်‌ပြေစေရန် ရည်ရွယ်၍ ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ ကမ္ဘာအေး ဘုရားလမ်းနှင့်သာသနာ့ရိပ် သာလမ်းတောင့်တွင် ယ‌နေ့နံနက်ပိုင်းက ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး ခဲ့ကြောင်းသိရသည်။
မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန၌ Book Clubအဖွဲ့နှင့် ရေးသူ/ဖတ်သူ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Dec 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀:၃၀ နာရီက Book Club အဖွဲ့နှင့်ရေးသူ၊ ဖတ်သူစာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းတွင် ဆရာနေခြည်မောင်(မြောင်းမြ) ရေးသားသည့် “ရွှေစင်အလှ မြန်မာ့သနပ်ခါး” “ဗျူဟာကောင်း" “ရင်ထဲမှာပွင့် ပန်းတစ်ပွင့်" ကဗျာများဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ရာ ရှေးဦးစွာ Book   Club အဖွဲ့ဥက္ကဋ္ဌ ဆရာဦးညီဌေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားခဲ့သည်။
မြိတ်မြို့တွင် လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်း Talk Show ပြုလုပ်
Dec 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြို့နယ်အတွင်း လူဦးရေစာရင်းမှန်ကန်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (မြိတ်မြို့နယ်ဦးစီးမှူးရုံး)တို့ပူးပေါင်း၍ မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်း Talk show ပြုလုပ်ဆွေးနွေးခဲ့ကြသည်။
ကျောက်ဆည်မြို့နယ်၊ ဒါန်းကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ လိုအပ်လျက်ရှိသည့် စာသင်ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေး
Dec 18,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက်  အခြခံပညာရေးဦးစီးဌာနအနေဖြင့် ဘဏ္ဍာနှစ်အလိုက် အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသည့် ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးသည့်အပြင် ပြင်ဆင်ရမည့်ကျောင်းဆောင်များအား ပြင်ဆင်ပေးခြင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ကျောင်းဝန်အုတ်တံတိုင်းများကာရံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ
မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေးရည်ရွယ်လျက် ဒီဇင်ဘာအားကစားလ အားကစားပြိုင်ပွဲများ မုံရွာမြို့တွင် ကျင်းပ
Dec 18,2022
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရေး ရည်ရွယ်ပြီး  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် အားကစားနှင့်ကာယပညာကော်မတီကကြီးမှူးကာ ဒီဇင်ဘာအားကစားလ အားကစားပြိုင်ပွဲများနှင့် ဆုများချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ စာရေးဆရာ မြင့်မြတ်သူ(ရတနာသိင်္ခ)ရေးသားသည့် “ပြာသိုလပြည့် မြန်မာ့အမေများနေ့’’ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 18,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိ စေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ မိဘကျေးဇူးဆပ်နိုင်သည့် သားကောင်းရတနာလေးများဖြစ်ကြစေရန် ရည်ရွယ်၍ စာရေးဆရာမြင့်မြတ်သူ (ရတနာသိင်္ခ)ရေးသားသည့် “ပြာသိုလပြည့်မြန်မာ့အမေများနေ့”ခေါင်းစဉ်ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပွတ္တလူးကုန်းရွာအဝင်လမ်း ကတ္တရာလမ်းသစ်အား ပြည်နယ်၀န်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
Dec 18,2022
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မော်လမြိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်သော မော်လမြိုင်မြို့နယ်၊ မင်းရွာကျေးရွာအုပ်စု၊ ပွတ္တလူးကုန်းရွာအဝင်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကတ္တရာလမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပခဲ့သည်။