မောင်တော ဒီဇင်ဘာ ၁၈
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှတ်(၁၀) နယ်ခြားစောင့် ရဲတပ်ဖွဲ့(ခွဲ)၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်းကို မီးသတ် တပ်ဖွဲ့ဝင် များက ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် လှဖိုခေါင်ယာယီကြားစခန်း၊ မီးသတ်စခန်းတာဝန်ခံ လက်ထောက် မီးသတ်ဦးစီးမှူး ဦးသိန်းထွန်းအောင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက နေအိမ်လိုင်းခန်းများတွင် နေထိုင်ကြသော တပ်ဖွဲ့ဝင် မိသားစုများ အနေဖြင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံး မှုမရှိ စေ ရေး အ တွက် မီးကို စနစ်တကျ အသုံးပြုစေရေး ၊ လျှပ်စစ်မီးအသုံးပြုသူ မိဘပြည်သူများ အနေဖြင့်မိမိတို့ နေအိမ်များရှိ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိမရှိ ၊ လျှပ်စစ်ဝါယာကြိုးများ ၊ မီးပလက် ပေါက်များ ဟောင်းနွမ်းနေပါကလည်း သက် ဆိုင်ရာ လျှပ်စစ်ဝန်ထမ်း များဖြင့် လဲလှယ်တပ်ဆင် အသုံးပြုစေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက် ပြုတ်သူများ အနေ ဖြင့် မီး ကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြှိမ်းသတ်စေရန်နှင့် နေအိမ်လိုင်းခန်းများတွင်လည်း မီးသတ်ဆေးဘူး၊ မီး သတ် ရေပုံ များ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ရေကန်များ၌ ရေများ ဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်းစသည့်တို့အား အသိပညာပေး ဟောပြောပြီး မီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်လိုင်းခန်းများတွင် နေထိုင်ကြသော တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုများအား ရှေးဦးမီးသတ်ဆေးဘူး၊ အဝတ်စိုဖြင့် မီးငြှိမ်းသတ်ခြင်း၊ ရေပိုက်ကိုင်ဆောင်ကာ မီးငြှိမ်းသတ်ပုံများ ၊ မီးငြှိမ်းသတ်ပုံနည်းစနစ်များ စသည့်တို့ကိုလက်တွေ့ လေ့ကျင့်စေခြင်း များအား ဆောင်ရွက်စေခဲ့ကြကြောင်းသိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး(ခရိုင်ပြန်/ဆက်)