သတင်းများ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု ကျား၊ မရေးရာအခြေပြုအကြမ်းဖက်မှု GBV အသိပညာပေးအခမ်းအနား ကျင်းပ
Dec 09,2022
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများနှင့် အကြမ်းဖက်ခံရမှုများကို စုပေါင်းချိတ်ဆက်ကာကွယ်ဆောင်ရွက်နိုင်ရေး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု GAV အသိပညာပေး အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
လင်းခေးတွင် သဘာဝဘေးလျော့ပါးရေးစေ တနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်
Dec 09,2022
လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင် ဦးစီးဌာနမှူးရုံးမှကြီးမှူး၍ လင်းခေးမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း(၁/၂၀၂၂)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၇ ရက် နံနက် ၈နာရီက အဆိုပါ ဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့နယ်တွင် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများ ကျင်းပ
Dec 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ဦးစီးကျင်းပသော ပထမအဆင့် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲများကို အ.ထ.က(၁)ကျောင်း၌ ယနေ့ နေ့လယ်(၁၂)နာရီအချိန်က ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့တွင်ရွှေပြည်တန် အမြန်ယာဉ်ပေါ်တွင် သတ်မှတ်လူဦးထက် ပိုမိုသယ်ဆောင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Dec 09,2022
ရသေ့တောင်မြို့နယ်တွင် ပြေးဆွဲလျက်ရှိသည့် ရွှေပြည်တန် ခရီးသည်တင်အမြန်ယာဉ်တွင် သတ်မှတ်လူဦးရေထက် ပိုမိုသယ်ဆောင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၌ ငါးဖမ်းစက်လှေအများစု လုပ်ငန်းယာယီရပ်နားထား
Dec 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပင်လယ်ကျေးရွာများရှိ ရေလုပ်သားများသည် ကုန်းဈေးနှုန်းမြင့်တက်မှုတွေကြောင့် ငါးဖမ်းမထွက်နိုင်ဘဲ စက်လှေအများစုက လုပ်ငန်းယာယီရပ်နားထားရကြောင်း သိရသည်။
သရက် မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Dec 09,2022
မကွေးတိုင်းဒေသကြီး သရက်မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက သရက်မူလတန်းကြိုကျောင်း၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ပြိုင်ပွဲဝင် သားငယ်/သမီးငယ်လေးများ တက်ရောက်ကြသည်။
သရက်ချောင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ (၁/၂၀၂၂) အစည်းအဝေးကျင်းပ
Dec 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရွှေသောင်ယံမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင်မြို့အဆင့်ဌာန ဆိုင်ရာများ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးပွဲပြုလုပ်
Dec 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ယနေ့နံနက်(၁၀)နာရီက မြို့အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြလုပ်သည်။