သရက် ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး သရက်မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက သရက်မူလတန်းကြိုကျောင်း၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ပြိုင်ပွဲဝင် သားငယ်/သမီးငယ်လေးများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် အကြီးတန်းအဆင့် (ကျား) ခုံလုပြိုင်ပွဲ၊ အကြီးဆင့်(ကျား) ရိုးရိုးပြေးပြိုင်ပွဲ၊ အငယ်ဆင့် (ကျား)ရိုးရိုး ပြေးပြိုင်ပွဲ၊ အငယ်ဆင့် (ကျား) ရိုးရိုးပြိုင်ပွဲ၊ အကြီးဆင့် (ကျား) ပူစီပေါင်းဖောက်ပြိုင်ပွဲ၊ အငယ်ဆင့် (ကျား) မြင်းခုံစီးပြိုင်ပွဲ၊ အကြီးဆင့်(ကျား) ဝက်အူရစ်ပြိုင်ပွဲနှင့် အငယ်ဆင့် (မ) အရုပ်ကောက်ပြိုင်ပွဲ၊ အကြီးဆင့် (မ) ဘောလုံးကောက်ပြိုင်ပွဲ၊ အငယ်ဆင့် (မ) ဖိနပ်စီးပြိုင်ပွဲ၊ အငယ်ဆင့် (ကျား) ဖိနပ်စီးပြိုင်ပွဲ အကြီးဆင့်(မ)သံပုရာသီး ဇွန်းကိုက်ပြိုင်ပွဲများဖြင့် ယှဉ်ပြိုင်ရရာ သားငယ်၊ သမီးငယ်(၄၃)ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ သရက်မူလတန်းကြိုကျောင်း ကျောင်းအုပ်ကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များက ဆုရရှိသည့် ရင်သွေးငယ်များအား ဆုများ အသီးသီးချီးမြှင့်ရာ ဆုရရှိသည့် ရင်သွေးငယ်များက လက်ခံပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)