ရသေ့တောင်မြို့တွင်ရွှေပြည်တန် အမြန်ယာဉ်ပေါ်တွင် သတ်မှတ်လူဦးထက် ပိုမိုသယ်ဆောင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရသေ့တောင် ဒီဇင်ဘာ ၉

ရသေ့တောင်မြို့နယ်တွင် ပြေးဆွဲလျက်ရှိသည့် ရွှေပြည်တန် ခရီးသည်တင်အမြန်ယာဉ်တွင် သတ်မှတ်လူဦးရေထက် ပိုမိုသယ်ဆောင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က အများပြည်သူတို့ ဘေးအန္တရာယ်မဖြစ်စေရန်ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အမြန်ယာဉ်များတွင် သတ်မှတ်လူဦးရေထက် ပိုမိုသယ်ဆောင်မှုများ မရှိစေရန်အတွက်လည်း ကြိုတင်ညွှန်ကြားထားရှိပြီးဖြစ်ကြောင်း ပြောကြားကာ မြို့နယ်ရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ဖြင့် ပူးပေါင်းစစ်ဆေးခဲ့ကြခြင်း ဖြစ်ကြောင်း၊ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်မြို့များသို့ ပြေးဆွဲလျက်ရှိသည့် နှစ်ထပ်အမြန်ယာဉ်တစ်စီးတွင် လူဦးရေ ၂၆၀၊ တစ်ထပ်အမြန်ယာဉ်တစ်စီးတွင် လူဦးရေ ၁၆၀ ခန့်သာ တင်ဆောင်ရန်သတ်မှတ်ထားကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)