တာမွေမြို့နယ်တွင် အစိုးရ အဘိဓမ္မာ၊ ဋီကာကျော်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပ
Dec 09,2022
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားစေရန်ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရအဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်) စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်း ယနေ့မွန်းတည့် (၁၂) နာရီအချိန်က မြို့နယ် သံဃနာယကအဖွဲ့၏ ဩဝါဒနှင့်အညီ စာမေးပွဲကြီးကြပ်ရေးအဖွဲ့မှစီစဉ်သော လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရ အဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်)စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ များကို စတင်ကျင်းပပြုလုပ်ခဲ့ရာ သံသရာလမ်းညွှန် အဘိဓမ္မာသင်တန်း၊ ပထမပြန်နှင့် အဘိဓမ္မာ ပြန့်ပွားရေးအဖွဲ့နှင့် ဓမ္မလမ်းပြအဘိဓမ္မာသင်တန်းတို့မှ သင်တန်း သား/သူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။