မြောင်းမြ ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ဦးစီးကျင်းပသော ပထမအဆင့် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲများကို အ.ထ.က(၁)ကျောင်း၌ ယနေ့ နေ့လယ်(၁၂)နာရီအချိန်က ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲသို့ လူပုဂ္ဂိုလ်နှင့် သီလရှင်များ ဝင်ရောက်ဖြေဆိုကြပြီး အဘိဓမ္မာ(ရိုးရိုး) ဖြေဆိုသူ (၃၂)ဦးနှင့် ဝိသုဒ္ဓိမဂ် ဖြေဆိုသူ (၄)ဦး၊ စုစုပေါင်း (၃၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
ယခု ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပသည့် အဘိဓမ္မာရိုးရိုး စာမေးပွဲသည် (၆၉)ကြိမ်မြောက်၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)စာမေးပွဲသည် (၆၆)ကြိမ်မြောက်နှင့် ဝိသုဒ္ဓိမဂ်စာ မေးပွဲသည် (၆၄) ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။ ဒုတိယအဆင့် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို (၁၀-၁၂-၂၀၂၂)ရက်နေ့တွင် လည်းကောင်း၊ တတိယအဆင့် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲများကို (၁၁-၁၂-၂၀၂၂)ရက်နေ့တွင်လည်းကောင်း ဆက်လက်ကျင်းပ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
မြောင်းမြခရိုင်ပြန်/ဆက်