တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေထုတ်ချေး
Dec 09,2022
ရန်ကုန်တိုင်းဒေကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) စတင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဥက္ကံရေသိုးကျေးရွာအုပ်စု၊ ရေသိုးကျေးရွာအား မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေကျပ်သိန်း (၁၀၀)ချေးငွေ ထုတ်ချေးပေးခြင်း အခမ်းအနားကို ယမန်နေ့က အဆိုပါ ကျေးရွာရှိ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။