အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု ကျား၊ မရေးရာအခြေပြုအကြမ်းဖက်မှု GBV အသိပညာပေးအခမ်းအနား ကျင်းပ

ဒဂုံတောင် ဒီဇင်ဘာ ၉

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများနှင့် အကြမ်းဖက်ခံရမှုများကို စုပေါင်းချိတ်ဆက်ကာကွယ်ဆောင်ရွက်နိုင်ရေး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု GAV အသိပညာပေး အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီက  ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် ဒဂုံမြို့သစ်ခရိုင်၊ အမျိုးသမီးကော်မတီဥက္ကဋ္ဌ  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ကိုက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီးကော်မတီအတွင်းရေးမှူး ရန်ကုန်အရှေ့ပိုင်းခရိုင် လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ယုဒါရီက အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု GAB ၏ ရည်ရွယ်ချက်များပြောကြားကာ ခရိုင်လူမှုဝန်ထမ်းဦးစီးအရာရှိဒေါ်စန်းစန်းထွေးက အကြမ်းဖက်ခံရမှုအမျိုးအစား(၅)မျိုး၊ အကြမ်းဖက်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းများ၊ အကြမ်းဖက်မှုများနေရာမရွေးဖြစ်ပွားနိုင်မှုအခြေအနေများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်နေမှုအခြေအနေများ၊ အများဆုံးဖြစ်ပွားနေ့သည့် အကြမ်းဖက်ခံရမှုများ၊ အကြမ်းဖက်ခံရသူများအား ကူညီဆောင်ရွက်ပေးသည့်အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်ပေးနိုင်သည့်နည်းလမ်းများ၊ ပြည်သူများအားလုံးပူးပေါင်းကြိုးပမ်းကြစေလိုကြောင်းများတိုက်တွန်းပြောကြားပြီး အမျိုးသမီးများအခွင့်အရေး လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့် လိုက်နာရမည့်အချက်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နေက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့နယ်ဥပဒေအရာရှိဦးအောင်ကောင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ဥပဒေများအား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ခရိုင်အမျိုးသမီးရေးရာအတွင်းရေးမှူး ဒေါ်ဥမ္မာတင်က အမျိုးသမီးရေးရာအဖွဲ့၏ လှုပ်ရှားဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားကာ  တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းကြောင်းသိရသည်။

အခမ်းအနားသို့ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများ စုစုပေါင်း(၅၀)ဦး တက်ရောက်ကြောင်း သိရသည်။

သန်းသန်းအေး(ပြန်/ဆက်)