သရက်ချောင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Dec 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကို အထက (သရက်ချောင်း) ကျောင်း ပညာရတနာခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့သည်။