ကရသူရိ ဒီဇင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပင်လယ်ကျေးရွာများရှိ ရေလုပ်သားများသည် ကုန်းဈေးနှုန်းမြင့်တက်မှုတွေကြောင့် ငါးဖမ်းမထွက်နိုင်ဘဲ စက်လှေအများစုက လုပ်ငန်းယာယီရပ်နားထားရကြောင်း သိရသည်။
“ကျွန်တော်တို့ လှေမထွက်နိုင်တာ တစ်ပတ်လောက်ရှိနေပြီ။ ကုန်းဈေးနှုန်းတွေမြင့်တက်လာသလို ယခုလက်ရှိစက်ဆီဈေးနှုန်းက ဓာတ် ဆီ (၁)လီတာကို ၂၈၀၀ကျပ်နှင့် ဒီဇယ်(၁)လီတာ ကို(၃၀၀၀)ကျပ်ရှိပြီး ဈေးကမတည်ငြိမ်တဲ့အတွက် ဒီထက်လည်း ဈေးတက်လာနိုင်သေးတယ်။ ဒီဈေးနှုန်းအနေနဲ့ ငါးဖမ်းထွက်မည်ဆိုရင် အရင်းတောင် မကာမိဘူး။ ငါးတွေရှားပါးလာလို့ အနီး အနားမှာရှာဖွေရတာအဆင်မပြေတော့ နေရာဝေးဝေးကို သွားရှာရင်လည်း စက်ဆီဈေးနှုန်းနဲ့ ပြန်တွက်ကြည့်ရင် မကိုက်ပြန်ဘူး။ လောလောဆယ် စားဝတ်/နေရေးအတွက် ကုန်းပိုင်းမှာ ရသမျှအလုပ်ကို လုပ်ကိုင်နေပြီး စက်လှေကိုတော့ ယာယီရပ်နားထားတယ်။ စက်ဆီဈေးနှုန်း အသင့်အတင့်ပြန်ကျလာရင် ယခင်အတိုင်းဘဲ ကျွန်တော်တို့ရဲ့ ဘိုးစဉ်/ဘောင်ဆက် ငါးဖမ်းအလုပ် ကိုပြန်လုပ်မှာပါ” ဟု လှေပိုင်ရှင်တစ်ဦးကပြောသည်။
တနင်္သာရီတိုင်းရှိ ရေလုပ်သားအများစုသည် ကုန်စည်းဈေးနှုန်းနှင့် စက်သုံးဆီဈေးမြှင့် တက်မှုတွေကြောင့် ရေလုပ်ငန်းများကိုရပ်နားကာ ကုန်ပိုင်းသို့ပြောင်းရွေ့နေထိုင်သူများပြားလာပြီး ဥယျာဉ်ခြံလုပ်ငန်းနှင့် မိမိကျွမ်းကျင်ရာလုပ်ငန်းများကို အစားထိုးလုပ်ကိုင်လာကြကြောင်းသိရသည်။
ကရသူရိပြန်/ဆက်