သတင်းများ

ကျိုင်းတုံမြို့ အထက (၃)ကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော
Dec 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ ၈ ရက်က အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ကျင်းပသည်။
မံစီမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 10,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မံစီ)၊ ဖုန်ကန်ဒူဝါ ခန်းမ၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
မတ္တရာမြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ
Dec 09,2022
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဇွန်တောင်မြို့နယ်တွင် အသက် ၁၈ နှစ်အောက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း လူရွေးပွဲကျင်းပ
Dec 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် အသက် ၁၈ နှစ်အောက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ လူရွေးပွဲကို ယနေ့ နံနက်ပိုင်းမှစတင်၍ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(ဗိုလ်တထောင်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေးဟောပြော
Dec 09,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ လှုမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခမ်းမ၌ ယနေ့နံနက် ၁၀ နာရီအ ချိန်က ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင်မြေယာလျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကျင်းပ 
Dec 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ လုပ်ငန်းစီမံကိန်းအတွင်း ပါဝင်သွားသော​မြေဧရိယာ(၁၀၈.၀၇)ဧကအတွက် နစ်နာသည့်မူလတောင်သူ(၁၉)ဦးအား နစ်နာကြေး၊ လျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁:၀၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အများပြည်သူကျန်းမာရေးအတွက် တီဘီရောဂါနှင့်အထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်းအား ရပ်ကွက်အလိုက်(အခမဲ့)ကွင်းဆင်းဆောင်ရွက်ပေး
Dec 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၁၂)ရပ်ကွက်သာသနဝေပုလ္လဓမ္မာရုံတွင် ယနေ့နံနက်(၉)နာရီက အများပြည်သူကျန်းမာရေးအတွက် တီဘီရောဂါကွင်းဆင်းရှာဖွေကုသပေးခြင်းနှင့် အထွေထွေရောဂါများစစ်ဆေးခြင်းကို ခေတ်မီဓါတ်မှန်စက်ကြီးများဖြင့် ရောဂါရှာဖွေကာကုသပေးလျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းပြုလုပ်
Dec 09,2022
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက (အထက ) ကျွဲခြံကျောင်းလမင်းတစ်ရာခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။