ရွှေသောင်ယံ ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ယနေ့နံနက်(၁၀)နာရီက မြို့အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြလုပ်သည်။
အစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူးမှ မြို့အဆင့်ဆောင်ရွက်နေသည့် လုပ်ငန်းဆောင်တာများ နှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးသည်။
ဆွေးနွေးရာတွင် လက်ရှိကျင်းပနေသည့် မြို့အုပ်ချုပ်ရေးမှူး ဖလားဘောလုံးပြိုင်ပွဲနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်တာများအကြောင်း၊ မြို့သန့်ရှင်းသာယာလှပရေးအကြောင်း၊ တရားမဝင် မူးယစ်ဆေးရောင်းချသုံးစွဲမှုများ၊ လောင်းကစားများနှင့် ပတ်သက်သည့်အကြောင်းအရာများအားတွေ့ရှိ၊ သိရှိပါကအကြောင်းကြားရန်ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများနှင့် ညှိနှိုင်းဆွေးနွေးသည်။
ထို့နောက်ဌာနတစ်ခုချင်းစီ၏ လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ဆွေးနွေးခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)