သတင်းများ

ကျောက်ဆည်မြို့တွင် (၄)မြို့နယ် ရွှေကျင်နိကာယ ဝိနည်းစာပြန်ပွဲနှင့် ဝိနည်းပြန်၊ရှင်ကျင့်ဝတ်ပြန် စာအောင်ဆုများ ဆက်ကပ်
Dec 12,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မဟာဂန္ဓာရုံစာသင်တိုက် ဗုဒ္ဓပါဒစက္က ဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲ(၁) နာရီက ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး (၄)မြို့နယ် ရွှေကျင်နိကာယ ဝိနည်း စာမေးပွဲနှင့် ဝိနည်းပြန်၊ ရှင်ကျင့်ဝတ်ပြန် စာအောင်ဆုများဆက်ကပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ် အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲကျင်းပ
Dec 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ် အထိမ်းအမှတ်အဖြစ် အမျိုးသားအကြီးတန်း၊ အမျိုးသားအငယ်တန်းနှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ(၉)ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အမျိုးသားအကြီးတန်း ကွာတားဖိုင်နယ်၊ အမျိုးသားအငယ်တန်း ဆီမီးဖိုင်နယ်နှင့် အမျိုးသမီး ဆီမီးဖိုင်နယ်တို့ကို ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရယ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသ
Dec 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ‌မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများက မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာဟောပြောပွဲအား ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ မြို့မ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။
ငါ့သရောက်မြို့တွင် ထန်းပင်မြစ် ပျိုးထောင်ရောင်းချသူများ စျေးကောင်းရရှိ
Dec 12,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ထန်းပင်မြစ်ပျိုးထောင်ရောင်းချ သူများ စျေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ဆည်ကျေးရွာ ထန်းပင်မြစ်ပျိုးထောင် စိုက်ပျိုးရောင်းချသူများထံမှသိရသည်။
မြစ်ကြီးနားမြို့တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းများ ကျင်းပ
Dec 12,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ဒီဇင်ဘာ ၉ ရက် နံနက် ၉ နာရီအချိန်နှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ မွန်းလွဲ ၁ နာရီအချိန်များတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဌေးက လူငယ်စကားဝိုင်းကျင်းရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
မိုးညှင်းမြို့နယ်တွင် အစိုးရ အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ဖြေဆိုပြီးစီး
Dec 12,2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် (၆၉)ကြိမ်မြောက် အစိုးရ အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲများကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ထီးလင်းကျောင်းတိုက်နှင့် သမိဒ္ဓေါဒယ ဓမ္မနာဒသီလရှင်ကျောင်း (ဟိုပင်)၌ ဒီဇင်ဘာ(၉)ရက်မှ (၁၁)ရက်ထိ သုံးရက်တိုင်တိုင် ဖြေဆိုခဲ့ကြကြောင်း သိရသည်။
မြင်းမူမြို့နယ်ပြန်/ဆက်ရုံးတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး TalkShow ကျင်းပ
Dec 12,2022
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို မြင်းမူမြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ဒီဇင်ဘာလ (၁၂)ရက်နေ့နံနက်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်
Dec 12,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ယနေ့နံနက် ၁၀ နာရီခွဲက ဟောပြောပွဲနှင့်ပြိုင်ပွဲများ၊ ဆေးရောင်ခြယ်၊ အင်္ဂလိပ်စာစွမ်းရည်၊ အိပ်စွပ်အပြေးပြိုင်ပွဲနှင့် ဘောလုံးပစ်ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။