မြစ်ကြီးနားမြို့တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းများ ကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ဒီဇင်ဘာ ၉ ရက် နံနက် ၉ နာရီအချိန်နှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ မွန်းလွဲ ၁ နာရီအချိန်များတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်‌စေရေးအတွက်  လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဌေးက လူငယ်စကားဝိုင်းကျင်းရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စကားဝိုင်းများတွင် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းတစ်ကျောင်းလျှင် ကျောင်းသား ကျောင်းသူ (၅) ဦးစီဖြင့်  လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ကြီးပွားရေး၊ လူငယ်နှင့်ခေါင်းဆောင်မှု၊ လူကုန်ကူးမှုအန္တရာယ် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းက္ကဋ္ဌ၊ မဲခေါင်စာပေဆုနှင့် အမျိုးသားစာပေဆုရ (လူငယ်စာပေဆုရ) စာရေးဆရာ အကြီးကိုကို(ကသာ)တိုက ဆွေးနွေးချက်များအပေါ်  ဖြည့်စွက်သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက  အသိပညာတိုးတက်ရရှိရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ  မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါလူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)