မြင်းမူ ဒီဇင်ဘာ ၁၂
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို မြင်းမူမြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ဒီဇင်ဘာလ (၁၂)ရက်နေ့နံနက်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းအောင်က TalkShow ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စစ်ကိုင်းခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်သိင်္ဂီဝင်းက ယာဉ်များအသုံးပြုသူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများကို ရှင်းလင်းပြောကြားရာတွင် ပြည်သူများအနေဖြင့် ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းကြရန် နောက်ပြီးမေးသိုင်းကြိုးကို သေခြာစွာတပ်ဆင်ကြရန်၊ နှစ်ယောက်ထက်ပိုပြီး တင်ဆောင်၍ မစီးကြရန်၊ ကားများမောင်းနှင်ရာတွင်လည်း သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း မောင်းနှင်ကြရန်၊ သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာမှုမရှိပါက မလိုလားအပ်သည့် အန္တရာယ်များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ဒါ့ကြောင့် မိမိတို့တပ်ဖွဲ့ အနေဖြင့် ပြည်သူများယာဉ်အန္တရာယ် ဖြစ်ပွားမှု လျော့နည်းရေးနှင့် ပပျောက်ရေးတို့အတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိ ပညာပေးဟောပြောပွဲများ/ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးလျှက်ရှိပါကြောင်း ဦးဆောင် ဆွေးနွေးခဲ့ပါသည်။
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိနိုင်စေရန် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပူးပေါင်း၍ Talk Show များ ဆောင်ရွက်ခြင်း၊ စာဖတ်ဝိုင်းများ၊ စာအုပ်/ စာစောင်ပြပွဲများ၊ ကျောင်းသား/ ကျောင်းသူများအား ပြပွဲ/ပြိုင်ပွဲ ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်