သတင်းများ

မြင်းမူမြို့နယ်ပြန်/ဆက်ရုံးတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး TalkShow ကျင်းပ
Dec 12,2022
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို မြင်းမူမြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ဒီဇင်ဘာလ (၁၂)ရက်နေ့နံနက်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်
Dec 12,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ယနေ့နံနက် ၁၀ နာရီခွဲက ဟောပြောပွဲနှင့်ပြိုင်ပွဲများ၊ ဆေးရောင်ခြယ်၊ အင်္ဂလိပ်စာစွမ်းရည်၊ အိပ်စွပ်အပြေးပြိုင်ပွဲနှင့် ဘောလုံးပစ်ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ပြုလုပ်ဆောင်ရွက်
Dec 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာ နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေ​ပေးခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက်(၈)နာရီအချိန်က ဖျာပုံမြို့ ချောင်းတွင်းလမ်းမကြီး၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့နှင့် လူစည်ကားရာနေရာများ၌ ပြုလုပ်ကြသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အမှတ်(၁၅)ရပ်ကွက်အတွင်း ထိန်ထိန်ဝင်းပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်အပါး(၉၀)အား ဆန်အိတ်များနှင့်ဝတ္ထုငွေတို့ကို ဆက်ကပ်လှူဒါန်း
Dec 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်အတွင်း ခိုင်သဇင်လမ်းနှင့်သစ္စာလမ်းထောင့်ရှိ သံဃာတော်အပါး(၉၀)သီတင်းသုံးလျက်ရှိသော ထိန်ထိန်ဝင်းပရိယတ္တိစာသင်တိုက်သို့ ယမန်နေ့နံနက်(၈:၃၀)နာရီ၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ဆန်အိတ်များနှင့်ဝတ္တူငွေများ လှူဒါန်းသည်။
ကျိုက်လတ်မြို့နယ်အတွင်း မော်တော်ယာဉ်နှင့် ကားဂိတ်များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ထားရှိမှုရှိ/မရှိတာဝန်ရှိသူများစစ်ဆေး
Dec 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ကျိုက်လတ် မြို့နယ်အတွင်း ဖြတ်သန်းပြေးဆွဲနေသည့် မော်တော်ယာဉ်နှင့် ကားဂိတ်များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ထားရှိမှုရှိ/မရှိကို တာဝန်ရှိသူများက လိုက်လံ စစ်ဆေးခဲ့ကြသည်။
ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းဆေးများ ထိုးနှံပေး
Dec 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေးထို့နှံပေးခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျွန်းလှမြို့၊ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ပြည်နယ်ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
Dec 12,2022
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 12,2022
(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန တို့ ယနေ့နံနက်ပိုင်းက  အလက(ခွဲ) သီရိမြိုင်ကျောင်းတွင် ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပသည်။