မိုးညှင်းမြို့နယ်တွင် အစိုးရ အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ဖြေဆိုပြီးစီး

မိုးညှင်း ဒီဇင်ဘာ ၁၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် (၆၉)ကြိမ်မြောက် အစိုးရ အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲများကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ထီးလင်းကျောင်းတိုက်နှင့် သမိဒ္ဓေါဒယ ဓမ္မနာဒသီလရှင်ကျောင်း (ဟိုပင်)၌ ဒီဇင်ဘာ(၉)ရက်မှ (၁၁)ရက်ထိ သုံးရက်တိုင်တိုင် ဖြေဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို မြို့နယ်သံဃနာယကဆရာတော်ကြီး ဦးဓမ္မပိယနှင့် အဖွဲ့ဝင် ဆရာတော်ကြီးများကြီးမှူး၍ မြို့နယ်သာသနာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သူဖြိုးနှင့် ဝန်ထမ်းများ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မိုးညှင်းမြို့ ထီးလင်းကျောင်းတိုက် စာဖြေဌာနတွင် သီလရှင်နှင့် လူပုဂ္ဂိုလ်များမှ အဘိဓမ္မာ(ရိုးရိုး)ဖြေဆိုသူ (၉၉)ဦး၊ ဂုဏ်ထူးဆောင် (၁၀)ဦးနှင့် ဟိုပင်မြို့ သမိဒ္ဓေါဒယဓမ္မနာဒသီလရှင်ကျောင်း စာဖြေဌာနတွင် သီလရှင်နှင့် လူပုဂ္ဂိုလ်များမှ အဘိဓမ္မာ(ရိုးရိုး) ဖြေဆိုသူ (၁၇)ဦး၊ ဂုဏ်ထူးဆောင် (၇)ဦးနှင့် ဝိသုဒ္ဓိမဂ် (၃)ဦး စုစုပေါင်း(၁၃၆)ဦးတို့ ဖြေဆိုပြီးစီး ခဲ့ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

ရွှေမိုးညှင်း