ညောင်ဦး ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၁၀ နာရီခွဲက ဟောပြောပွဲနှင့်ပြိုင်ပွဲများ၊ ဆေးရောင်ခြယ်၊ အင်္ဂလိပ်စာစွမ်းရည်၊ အိပ်စွပ်အပြေးပြိုင်ပွဲနှင့် ဘောလုံးပစ်ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးက အမှာစကားပြောကြားပြီး လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများဟောပြောသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ အိပ်စွပ်အပြေးပြိုင်ပွဲနှင့်ဘောလုံးပစ် ပြိုင်ပွဲများကျင်းပပေးသည်။ ပြီးနောက်နိုင်ငံ့ခေါင်းဆောင်များ၏ တိုင်းကျိုးပြည်ပြု နံရံကပ်ဓာတ်ပုံများ၊ ခရိုင်အတွင်း နယ်လှုပ်ရှားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းဓာတ်ပုံများပြသရာ ကျောင်းသား၊ ကျောင်းသူများစိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ကိုကြေးမုံ