လှိုင်းဘွဲ ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ် အထိမ်းအမှတ်အဖြစ် အမျိုးသားအကြီးတန်း၊ အမျိုးသားအငယ်တန်းနှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ(၉)ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အမျိုးသားအကြီးတန်း ကွာတားဖိုင်နယ်၊ အမျိုးသားအငယ်တန်း ဆီမီးဖိုင်နယ်နှင့် အမျိုးသမီးဆီမီးဖိုင်နယ်တို့ကို ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ထူးနေ့မြတ် အထိမ်းအမှတ်အဖြစ် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဘောလုံးအသင်းများနှင့် အားကစားဝါသနာရှင် ဘောလုံးအသင်းများမှ အကြီးတန်းအမျိုးသားဘောလုံးအသင်း (၁၆)သင်း၊ အငယ်တန်းဘောလုံးအသင်း (၃၃)သင်း၊ အမျိုးသမီးဘောလုံးအသင်း (၁၂)သင်းတို့ဖြင့် အောက်တိုဘာလ(၉)ရက်နေ့မှ ဒီဇင်ဘာလ(၁၈)ရက်နေ့အထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စောဖိုးခွါး(ပြန်/ဆက်)